Powered by Blogger.

စက္ကန့်ပိုင်းအတွင်းမှာပဲ ရောင်းကုန်သွားတဲ့ Xiaomi Redmi Note 5 Pro



Xiaomi ကတော့ mid-range စီးရီးထဲမှာ အခုနောက်ဆုံးအနေနဲ့ ထွက်ရှိထားတဲ့ Redmi Note 5 Pro ဖုန်းကနေကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိနေပါတယ်။ Xiaomi ဟာ ပထမဆုံး Flash Sale ကို စတင်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ပထမအသုတ်ဖုန်းတွေ အကုန်ရောင်းကုန်သွားခဲ့တာပါ။

အိန္ဒိယနိုင်ငံက Xiaomi ရုံးချုပ်ကတော့ ဒီလိုရောင်းချရမှုဟာ Biggest Sale Ever ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Xiaomi က ဒီဖုန်းတင်မဟုတ်သေးပါဘူး Mi TV 4 ကိုလည်း စက္ကန့်ပိုင်းအတွင်းရောင်းကုန်ခဲ့ပြီး သူတို့ရဲ့ ဈေးကွက်က လိုအပ်ချက် ဘယ်လောက်မြင့်မားနေတယ်ဆိုတာကို အဖြေကောင်းကောင်းရခဲ့ပြီဖြစ်ပါတယ်။

ဈေးနှုန်းသင့်တင့်တဲ့ products တွေကို အားကောင်းကောင်းနဲ့ ထုတ်လုပ်ရောင်းချနိုင်ခဲ့တာက သူ့ရဲ့ အားသာချက်ဖြစ်ခဲ့ပါတယ်။ အခု Redmi Note 5 Pro ကတော့ 6-inch, 18:9 Display ကို Full HD+ resolution ထောက်ပံ့ပေးထားပါတယ်။  Snapdragon 636, 4 GB RAM, and 64 GB storage ပါဝင်ပြီး  ဘက်ထရီကတော့ 4000 mAh ဖြစ်ကာ ၂၁၅ ဒေါ်လာ ကျသင့်တာဖြစ်ပါတယ်။ 6GB RAM ဗားရှင်းကတော့ ၂၆၁ ဒေါ်လာခန့်ကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။


Bruce

#technology.thithtoolwin.com

Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment