Powered by Blogger.

Disney ရဲ့ Steaming Service အသစ်ကို iTunes အကြီးအကဲဟောင်း ဦးဆောင်မည်


ပြီးခဲ့တဲ့နွေတုန်းက Disney ဟာ Netflix နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပြီး ကိုယ်ပိုင် Steaming Service တစ်ခုကို လာမယ့် ၂၀၁၉ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Variety ရဲ့ သတင်းတစ်ရပ်အ ဝန်ဆောင်မှုအသစ်ကို အလုပ်လုပ်တည်ဆောက်ဖို့အတွက် Apple အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ Kevin Swint ကိုငှားရမ်းခေါ်ယူခဲ့ကြောင်း သိရပါတယ်။

Swint ဟာ အမည်မပေးရသေးတဲ့ ဝန်ဆောင်မှုရဲ့ စီနီယာဒုဥက္ကဌနဲ့ အထွေထွေမန်နေဂျာ ရာထူးတွေနှစ်ခုနဲ့ BAMTech ကို လာရောက်ပူးပေါင်းသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ သူဟာ Content Steaming ပိုင်းနဲ့ ပတ်သက်လို့ အစိမ်းသက်သက်မဟုတ်ပဲ Walmart ရဲ့ e-commerce အဖွဲ့ကို ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ပြီး ၂၀၀၃ခုနှစ်မှာ သီချင်းဒေါင်းလုဒ်ဆိုက်အဖြစ် ထုတ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ခဲ့ကြောင်း သူ့ရဲ့ ကိုယ်ပိုင် LinkedIn Profile မှာ ဖော်ပြထားချက်အရ သိရပါတယ်။ အဲ့ဒီအပြင် Apple ရဲ့ iTunes အသင်းနဲ့အတူ တစ်ကမ္ဘာလုံးမှာ HD ရုပ်ရှင်နဲ့ iTunes Extra features တွေကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

၂၀၁၃ခုနျစ်မှာ Samsung ဟာ သူတို့ရဲ့ ကိုယ်ပိုင် Steaming ဗီဒီယိုနဲ့ သီချင်း ဝန်ဆောင်မှု ဖြစ်တဲ့ Milk ကို ဦးဆောင်ဖို့ Swint ကိုငှားရမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီပရောဂျက်ဟာ ဆိုးဆိုးရွားရွား အနှုတ်လက္ခဏာ ပြခဲ့ပြီးတော့ Samsung လည်း ၂၀၁၆ခုနှစ်မှာ Milk ကို အပြီးတိုင်ဖျက်သိမ်းပစ်ခဲ့ရပါတယ်။ ယခုတော့ Swint ဟာ Disney ရဲ့ အမည်မသိ Steaming Service ကို Disney ကအဓိကပိုင်ဆိုင်ထားတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ BAMTech အောက်ကနေ စတင်တည်ထောင်သွားမှာပါ။ ဒီပလက်ဖောင်းကို Disney ဟာ အရင်းအနှီးအများအပြား ထည့်သွင်းရင်းနှီးထားတာဖြစ်ပြီးတော့ ESPN steaming service ရဲ့ ပါဝါသစ်တစ်ခုလည်း ဖြစ်လာမှာပါ။

Disney ဟာ Steaming Service မှာ ကိုယ်ပိုင် ကတ်တလောက်အနေနဲ့ Marvel နဲ့ Star Wars Franchise တွေအပြင် ဝယ်ယူထားတာမကြာသေးတဲ့ 20th Century Fox ရဲ့ Content တွေကိုလည်း ထည့်သွင်းလာမှာပါ။ ကုမ္ပဏီဟာ မကြာခင်မှာ ကိုယ်ပိုင် Exclusive Content တွေကိုလည်း ထည့်သွင်းလာမှာ ဖြစ်တာကြောင့် လက်ရှိ Netflix မှာ တင်ထားတဲ့ ကိုယ်ပိုင် Marvel Series တွေဟာ Steaming Service အသစ်အတွင်းကို အသွင်ပြောင်း ရောက်ရှိလာတော့မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

   Bruce

  #technology.thithtoolwin.com

  Ref: The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment