Powered by Blogger.

သြဂုတ်လမှာ Apple Music အကြီးအကဲ Jimmy Iovine ကုမ္ပဏီမှထွက်ခွာမည်



Apple ရဲ့ Music Streaming ဝန်ဆောင်မှုအကြီးအကဲ ဖြစ်သူ Jimmy Iovine ဟာ ဒီနှစ် သြဂုတ်လမှာ ရာထူးကနေ နှုတ်ထွက်သွားဖို့ ရှိကြောင်း Billboard ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။ Iovine ဟာ ၂၀၁၄ ခုနှစ်တုန်းက Apple ရဲ့ Dr-Dre Headphone တွေကို အဓိကရောင်းချရာမှာ ပါဝူင်ခဲ့သူဖြစ်ပြီး ဒေါ်လာ၃ဘီလီယံဖိုး ရောင်းချခဲ့ရပါတယ်။

Iovine ရဲ့ လက်အောက်မှာ Apple Music ဟာ Paid User ပေါင်း သန်း ၃၀ အထိတိုးပွားလာပြီး လက်ရှိ Subscriber အများဆုံးဖြစ်တဲ့ Spotify ရဲ့ အောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ လက်ရှိအထိ Apple ဟာ Steaming Service တစ်ခုကို တည်ဆောက်ထားခဲ့ပေမယ့် ဆွီဒင်အခြေစိုက် Spotify ရဲ့ ကြီးထွားမှုကိုတော့ လိုက်မှီနိုင်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် Apple ဟာ ဒီနှစ်ကုန်မှာ ဘယ်သူ့ကို Apple Music Chief အဖြစ် ဆက်လက်ခန့်အပ်မယ်ဆိုတဲ့ မေးခွန်းတွေ ဆက်လက်ထွက်ပေါ်လာပါတယ်။


Bruce

#technology.thithtoolwin.com

 Ref: The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment