Powered by Blogger.

Home စပီကာ အလုံးရေ ခြောက်သန်းကျော် Google ရောင်းချခဲ့ရ


Google ဟာ Home စပီကာတွေရဲ့ အောင်မြင်မှုကို ဒီနေ့မှာ ထုတ်ဖော်ခဲ့ပြီး အောက်တိုဘာလကတည်းက စတင် တင်ပို့ရောင်းချခဲ့တဲ့ Home စပီကာတွေရဲ့ ရောင်းအားဟာ အလုံးရေ ၆သန်းကျော်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ Home၊ Home Mini နဲ့ Home Max တို့ကို ဘယ်လောက်ရောင်းချခဲ့ရတယ်ဆိုတာတော့ တစ်ခုချင်းစီး ခွဲခြားပေးခဲ့ခြင်းမရှိပါဘူး။ Home Mini ဟာ ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်နေပြီးတော့ အားလပ်ရက်ရာသီမှာ ဈေးနှုန်း ဒေါ်လာ ၂၉ အထိ လျှော့ချ ရောင်းချခဲ့တာပါ။

တခြား သတင်းတွေအနေနဲ့ Google ဟာ Home Mini ကို ရောင်းချရာမှာ အရှုံးပေါ်ခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ Google Assistant ဟာ မနှစ်တုန်းက လူအများကြားမှာ ရေပန်းစားတဲ့ Digital Assistant တစ်ခုအဖြစ်နဲ့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။


Bruce

#technology.thihtoolwin.com

Ref: The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment