Powered by Blogger.

အာရှရဲ့ ပထမဆုံး ဒေါ်လာဘီလီယံ ၅၀၀ တန်ကုမ္ပဏီဖြစ်လာတဲ့ WeChat


 တရုတ်ကုမ္ပဏီတစ်ခုက Snap ကို အကူအညီပေးဖို့ offer လုပ်ဖူးတာ မှတ်မိကြလားဗျ? ယခုအာရှမှာ ကျယ်ပြန့်ခေတ်စားတဲ့ WeChat ဟာ တန်ကြေး ဒေါ်လာ ၅၀၀ ဘီလီယံကျော်သွားတဲ့ ပထမဆုံး အာရှကုမ္ပဏီဖြစ်လာပါတယ်။

WhatsApp ပုံစံ App ဖြစ်တဲ့ တရုတ်က WeChat ရဲ့ မိခင်ကုမ္ပဏီ Tencent ရဲ့ တန်ကြေးဟာ ဒေါ်လာ ၅၀၀ ဘီလီယီအမှတ်ကို မနေ့က ကျော်လွန်သွားခဲ့ကြောင်း Bloomberg ရဲ့ သတင်းတစ်ရပ်က ဆိုခဲ့တာပါ။ ကုမ္ပဏီဟာ လက်ရှိမှာ တခြား ကမ္ဘာ့နည်းပညာဘီလူးတွေဖြစ်တဲ့ Apple, Alphabet, Amazon, Facebook နဲ့ Microsoft တို့နဲ့ အတူတကွ ထိပ်ဆုံးနားမှာ ရပ်တည်နေပါပြီ။

Tencent ဟာ တရုတ်ရဲ့ ထိပ်ဆုံး နည်းပညာကုမ္ပဏီ သုံးခုထဲက တစ်ခုဖြစ်ပြီး တခြားနှစ်ခုအနေနဲ့ Alibaba နဲ့ ရှာဖွေရေးဝက်ဘ်ဆိုက် Baidu တို့ပါပဲ။ ဒါကြောင့် ဒီသုံးခုကိုပေါင်းပြီး BAT လို့ ခေါ်ကြပါတယ်။ ဒါကြောင့် Tencent ဟာ ဒီအထဲက ပထမဆုံး ဖြစ်လာခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အလီဘာဘာကလည်း နောက်ကနေလိုက်လာဖို့ သိပ်မဝေးပဲ လက်ရှိမှာတန်ဖိုး ဒေါ်လာ ၄၈၂ဘီလီယံ ရှိပါတယ်။

Tencent ရဲ့ မဟာတိုးတက်မှုမှာ ဂိမ်းလုပ်ငန်းက အဓိကအစိတ်အပိုင်းအနေနဲ့ ပါဝင်ပြီး League of Legends နဲ့ Honour of Kings အပါအဝင် ပေါ်ပျူလာဖြစ်တဲ့ ဂိမ်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ Honor of Kings ဟာဆိုရင် တရုတ်က Apple App Store မှာ တစ်နှစ်နီးပါး ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ကလေးတွေအနေနဲ့ Tencent ရဲ့ဂိမ်းတွေကို အလွန်အမင်းဆော့ကစားလာတာကြောင့် စိုးရိမ်စရာတွေဖြစ်ခဲ့ပြီး အသက် ၁၂နှစ်အောက် ကလေးငယ်တွေကို ကစားချိန်ကန့်သတ်ဖို့ Tencent က လုပ်ဆောင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လတုန်းက အမေရိကန်အတွက် Arena of Valor အမည်နဲ့ ဗားရှင်းတစ်ရပ်ကို ယူဆောင်လာမှာ ဖြစ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။

လက်ရှိ Tencent ရဲ့ WeChat ဟာ အသုံးပြုသူ ၁ဘီလီယံရှိတဲ့ WhatsApp ကိုလည်း လိုက်မှီဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။



Bruce

#technology.thithtoolwin.com

Ref: CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. It’s obtained every little thing slot lovers look for – a safe online playing environment, truthful and RNG-tested games, and enough game variety. Besides video slots, there are a number of} card games alongside 14 video poker titles. The reside section is fairly limited with solely 5 games at hand – not enough when you ever get an itch to gamble towards a real croupier. Caesar’s Empire is yet one more old-school slot, going down in front of the 바카라사이트 Coliseum in Ancient Rome.

    ReplyDelete