Powered by Blogger.

ကင်မရာလေးလုံး ၊ 18:9 ratio display နဲ့ Huawei Y9 (2018)


Huawei ကတော့ ထိုင်းနိုင်ငံမှာ Mate 10 Lite နဲ့ Honor 9 Lite တို့ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Y9 ဖုန်း ၂၀၁၈ မော်ဒယ်လ်ကိုတော့ ထိုင်းနိုင်ငံမှာ ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီဖုန်းမှာတော့ နောက်ပိုင်းဖုန်းတွေမှာ trend ဖြစ်နေတဲ့ 18:9 ratio display, 4000 mAh ဘက်ထရီတို့ပါဝင်လာပြီး ဈေးကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်ရှိမှာ

Y9 (2018) ဖုန်းကတော့ 5.93 လက်မ IPS display ကိုအသုံးပြုထားပြီ 18:9 aspect ratio ကို 2160 x 1080 resolution ပါဝင်လာတာကို တွေ့ရပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ဘက်မှာတော့ ဆယ်လ်ဖီအတွက် 16 MP နဲ့ 2 MP ကင်မရာ နှစ်လုံးတွဲကို အသုံးပြုထားပြီး ကျောဘက်ကတော့ 13 MP နဲ့ 2 MP အတွဲအဖက်ကို အသုံးပြုထားပါတယ်။ 

ဒီဖုန်းမှာတော့ depth information အတွက်သာ secondary ကင်မရာကို အသုံးပြုထားတာဖြစ်တာကြောင့် pixel နည်းနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောဘက်ကင်မရာဘက်နှစ်လုံးရဲ့ အောက်မှာတော့ လက်ဗွေဆန်ဆာကို ထည့်သွင်းထားပါတယ်။

 Y9 (2018) ဖုန်းမှာတော့ Huawei ကိုယ်တိုင်ထုတ် Kirin 659 processor ကို  3 GB of RAM နဲ့ တွဲဖက်အသုံးပြုထားပြီး 32 GB အထိ stroage ကို ထည့်သွင်းထားပေးပါတယ်။ ဒီဖုန်းမှာ ပါဝင်တဲ့ 4000 mAh ဘက်ထရီကတော့ တစ်နေ့လုံးအသုံးခံမယ်လို့ Huawei က ပြောထားပြီး EMUI 8.0 ကို Android 8.0 Oreo အပေါ်ကနေ အုပ်ပြီး ထည့်သွင်းထားပေးပါတယ်

Bruce

#technology.thithtoolwin.com

Ref : Android Authority
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment